ဟိုပင်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ဟိုပင်  ၇  ဇွန်   

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တိုင်းရင်းဆေးအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက  ခုနစ်မိုင်ကျေးရွာ  ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ ရေးကြီးဘေး၊ မြေပြိုဘေး၊ လျှပ်စစ်ဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေးစသည့်  သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို လည်းကောင်း၊ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ခင်ဝမ်းရီက ကြပ်ထုပ်ထိုးကုသခြင်း၊ သတိပြုရမည့် အချက်များ၊ ကြပ်ထုပ် မထိုးသင့်သော အခြေအနေများနှင့် ကြပ်ထုပ်အကြောင်း သိကောင်းစရာများကို လည်းကောင်း  အသိပညာပေး ပြောကြားခဲ့သည်။

 

၄င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံပြပွဲတို့ကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းရင်းဆေးမှ  ၉၅ ဦးကို အခမဲ့ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

 

 တိုးတိုးမေ-ဟိုပင်

 

IMG20