ဟိုပန်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ဟိုပန်   ဇန်နဝါရီ    ၁

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄  ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက် ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းမှ စတင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ  ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင်  ဟိုပန်မြို့နယ်ရှိ  ပိုက်ကျော်ခြင်း အားကစားအသင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကာ  ဆုရရှိသည့် အသင်းများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေး ကော်မတီ၊  "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ မှ  ဆုများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)