ဟိုပန်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ဟိုပန်      ဇွန်       ၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဇွန် ၇ ရက် နံနက်ပိုင်းက အထက(ဟိုပန်)နှင့် အထက(ခွဲ)ရွှေဝါ  ဆေးထိုးစုရပ် နှစ်နေရာ၌ စတင်ထိုးနှံပေးခဲ့သည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို သတ်မှတ်ထားသည့် နေ့ရက်အလိုက် ဆေးထိုးစုရပ်များ၌ ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)