ဟိုပန်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ ဇူလိုင်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် ည ၇ နာရီတွင် ဟိုပန်မြို့နယ်၊ ခြူးရွှေကျေးရွာသွား လမ်းမပေါ်တွင် လျိုလောက်ပေါင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေ ၆ နာရီက လာရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက် လမ်းမပေါ်တွင် အောင်ချစ်ဦး မောင်းနှင်ပြီး မအားပိုင်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ မအားပိုင်ထံမှ ဘိန်းဖြူ သုည ဒသမ ၀၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၆၅ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား