ဟိုပုံး၊ လွိုင်လင်၊ မိုင်းကိုင်၊ ဆီဆိုင်၊ ကျိုင်းတုံ၊ လဲချား၊ ငဖဲမြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၁ ဒသမ ၃ ဧက ဖျက်ဆီး

နေပြည်တော် ၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ် ဟိုပုံးမြိုနယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက်က စံဖူးကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၇ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

mdn

 

အလားတူ လွိုင်လင်မြို့နယ်၊ အိမ့်ချစ်ကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၃ ဒသမ ၃ဧကခန့်၊ မိုင်းကိုင်မြို့နယ် ပါကော်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ လက်မခန့်ရှိ ဘိန်းပင်ပေါက်ဘိန်းခင်း ၅ ဧကခန့်၊ ဆီဆိုင်မြို့နယ် ဆောဆားကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၁၂ ဧကခန့်၊ ကျိုင်းတုံမြို့နယ် ကျေးရွာအနီး တစ်ဝိုက်၌ ဘိန်းပင်ပေါက်ဘိန်းခင်း ၃ ဧကခန့်၊ လဲချားမြို့နယ် ဟိုနားကျေးရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာ၌ အမြင့် ၁ လက်မခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၅ ဒသမ ၅ ဧကခန့်၊ ငဖဲမြို့နယ်တင်ပြင်းကျေးရွာ၏ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၅ ဒသမ ၅ ဧကခန့်၊ မင်းလှမြို့နယ် ဆင်ယင်ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၈ လက်မခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၁ ဧကခန့် တို့အား ရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား