ဟိုပုံး၊ ဖယ်ခုံ၊ ဝိုင်းမော်နှင့် နန်းယွန်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၈ ဧက ဖျက်ဆီး

နေပြည်တော် ၄ ဇန်နဝါရီ

 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက်တွင် လုံဟေးကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲ ဘိန်းခင်းစုစုပေါင်း ၇ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ ဖယ်ခုံမြို့နယ်၊ မခေးခမ်းကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲ ဘိန်းခင်းစုစုပေါင်း ၃၅ ဧကခန့်၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စင်ကြိုင်ကျေးရွာအနီး၌ အမြင့် ၆ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲ ဘိန်းခင်း ၄ ဧကခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်၊ လုံမတ်ကျေးရွာ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ၌ အမြင့် ၅ လက်မခန့်ရှိ ဘိန်းပင်ပေါက် ဘိန်းခင်း ၂ ဧကခန့်တို့အား သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား

 

mdn