ဟိုပုံးမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် (Abate)အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ဟိုပုံး  ၉  မေ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် (Abate) အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မေလ(၉)ရက် နံနက်(၇)နာရီမှစတင်၍ မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1327

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အပြင်သို့သွားရာတွင်လည်း နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပညာပေးခြင်းနှင့် နေအိမ်များ၌ သောက်သုံးရေ သိုလှောင်ထားမှုများ၊ ရေစည်ရေအိုးများအား စနစ်တကျ သိုလှောင်ဖုံးအုပ် ထားခြင်းရှိ/ မရှိ၊ ဘုရားပန်းအိုးများ လဲလှယ်မှုရှိ/မရှိစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ သွန်၊  လဲ၊ စစ်အသိပညာပေးခြင်း၊ အသုံးမပြုသည့် ရေစည်၊ရေပုံးများအားသွန်၍ မှောက်ထားစေခြင်းနှင့် (Abate) အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)

 

1328