ဟင်းခတ်အချိုမှုန့်ထုပ်များတွင် ပါဝင်မှုအလေးချိန် မှန်ကန်မှုရှိ မရှိစစ်ဆေး

ရေနံချောင်း  ၁၄  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ စျေးကွက်အတွင်းရောင်းချနေသည့် ဟင်းခတ်အချိုမှုန့်ထုပ်များတွင် ပါဝင်မှုအလေးချိန် မှန်ကန်မှုရှိ မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရေနံချောင်း မြို့မစျေးကြီးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးသန့်ဇင်၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးခိုင်၊ မကွေးခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုဦးစီးမှူး ဦးမျိုးဝင်းနှင့် တာဝန်ရှိသူများက စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် စျေးကွက်အတွင်း ရောင်းချနေသည့် ဟင်းခတ်အချိုမှုန့်ထုပ်များပေါ်တွင် ဖော်ပြထားသည့် အလေးချိန်ထက် လျော့နည်းထုပ်ပိုးထားသည့် ဟင်းခတ်အချိုမှုန့်ထုပ်များကို စစ်ဆေးသိမ်းဆည်းခဲ့ပြီး အသိပညာပေး ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး