ဟင်္သာတခရိုင်(၆)မြို့နယ် အသက်(၂၁)နှစ်နှင့် အောက် အမျိုးသားဘောလုံးလူရွေးပြိုင်ပွဲ ကျင်းပ

ဇလွန်    ၉  ဩဂုတ်      


ဟင်္သာတခရိုင်(၆)မြို့နယ် အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးလူရွေးပြိုင်ပွဲကို ဩဂုတ်လ (၈)ရက်နေ့ ညနေ(၃) နာရီတွင် ဇလွန်မြို့၊ မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။


ဆက်လက်၍ လက်ရွေးစင် ရွေးချယ်ခံရသည့် အားကစားသမားများအား ဟင်္သာတခရိုင် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ၊ ဟင်္သာတခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဉက္ကဋ္ဌက ပြိုင်ပွဲဝင် အသင်းဝတ်စုံများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ ပထမဆုရရှိသော အပြာရောင်အသင်းအား ဇလွန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဆုရရှိသော အစိမ်းရောင်အသင်းအား ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။


ယင်းသို့ ဘောလုံးလူရွေးပြိုင်ပွဲ ကျင်းပရခြင်းမှာ ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် သွားရန်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN