ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာတွင် ဆောင်ရွက်သည့် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲ ကျင်းပ

ဟင်္သာတ ၂၁  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အင်းဓဝယ်ကျေးရွာအုပ်စု၊ မီးနင်းကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး က ဒေသတွင်း မီးလင်းရေးလုပ်ငန်းများနှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ကိုယ်စား ဦးအေးကိုက ကျေးဇူးတင်စကား ပြောကြားပြီး မီးလင်းရေးဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က လက်ခံရယူခဲ့သည်။

 

၂

 

ထို့နောက် ဆောင်ရွက်ပြီးစီးသည့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းကိုဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်သည့် ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်နှင့်ဌာနဆိုင်ရာများ၊ မီးလင်းရေး ကော်မတီ အဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

ဟင်္သာတမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်ဖြင့် မီးနင်း-မရမ်း-ကြံတော-ဘုရားကုန်း စသည့်ကျေးရွာ (၄)ရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် 11 KVA ဓာတ်အားလိုင်း (၇၂၀ဝ)ပေ၊ 200 KVA ထရန်စဖော်မာ(၁)လုံး၊ ၄၀ဝ ဗို့အားလိုင်း (၉၁၀ဝ)ပေနှင့် ပြည်သူထည့်ဝင်ငွေဖြင့် 11 KVA ဓာတ်အားလိုင်းပေ (၂၇၀ဝ) နှင့် 200 KVA ထရန်စဖော်မာ (၁)လုံးတို့ဖြင့် စုပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု (၃၄၈)မှ လူဦးရေ ၁၂၀ဝ ခန့်အား အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)