ဟင်းသီးဟင်းရွက် ခူးသွားရာမှ အမျိုးသမီးသုံးဦး မိုင်းနင်းမိပြီးတစ်ဦးသေဆုံးမှု မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွား

မိုးမောက်  ၁၇ ဇန်နဝါရီ

 

ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ် နှင့်(၂၆)မိုင်ကွာဝေးသော မရူကျေးရွာတွင် ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်လဆီးခေါ် (အသက် ၅၂) နှစ်၊ ဒေါ်လဆီးလု (အသက် ၄၈)နှစ် နှင့် ဒေါ်စုစလ(အသက် ၄၈)နှစ်တို့(၃)ဦးသည် တောထဲသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်ခဲ့ရာ မိုင်းတစ်လုံး နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ဒေါ်လဆီးလုသည် နေရာတွင် သေဆုံးခဲ့သည်။  

 

ဒေါ်လဆီးခေါ်သည် ဒဏ်ရာများရရှိပြီး (စိုးရိမ်ရ) နှင့် ဒေါ်စုစလသည် ယာပေါင်၊ယာခါးနှင့် ယာလက်မောင်းတို့တွင် ဒဏ်ရာများရရှိပြီး ဒေါ်လဆီးခေါ်သည် ဒဏ်ရာများနှင့် မလိုက်နိုင်သဖြင့် ဒေါ်စုစလ တစ်ဦးတည်းသာ  မရူကျေးရွာသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရှိရသည်။

 

 

လွန်းနန်းထွေး