“Hotel G ရဲ့ Babett”

အလံပြဘုရားလမ်းပေါ်မှာရှိတဲ့ Hotel G အောက်ဆုံးထပ်က Babett ဆိုတဲ့ Restaurant လေး ရောက်ပြီးကြပြီလား။ ဆိုင်လေးက ခုနောက်ပိုင်း တော်တော်နာမည်ကြီးလာတာကြောင့်ရော၊  ပွဲလေးတွေ မကြာခဏလုပ်နေတာကြောင့်ပါ စိတ်ဝင်စားတာနဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ စစဝင်သွားချင်း တွေ့လိုက်ရတဲ့ အရောင်မှိန်မှိန်လေးနဲ့ ဆိုင်အပြင်အဆင်လေးက သူ့ဆွဲဆောင်မှုတစ်ခုပါ။ အသားတွေနှပ်ထားတဲ့ Freezer ကြီးကိုထောင့်ဖက်မှာ မြင်သာအောင်ပြထားတာလည်း ထူးခြားနေပြန်ရော။ အလယ်ဖက်မှာရှိနေတဲ့ ဘားကြီးမှာဆိုရင်တော့ drink တွေ၊ cocktail မျိုးစုံနှင့် Babett ရဲ့နာမည်ကြီးပြီး ဈေးနှုန်း Reasonable ဖြစ်တဲ့ ဝိုင်တွေကိုတွေ့ရပါတယ်။ နေ့ရက် တစ်ရက်ချင်းစီ အလိုက်ရှိနေတဲ့ Happy Hours တွေရယ်၊ Special menu တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

 

 

ကဲ… အစားအစာတွေကို စမြည်းဖို့အချိန်ကျပါပြီ..

 

ပထမဆုံး tapas တွေထဲက Croquetas De Jamon... Spanish ham ကို အာလူးရယ်၊ မရောနိစ်ရယ်နဲ့ လုပ်ထားတာပါ။ သူ့အရသာကတော့ နည်းနည်းလေးတော့ အီပေမယ့် အာလူးကတ်သလိတ်လိုမျိုးပါပဲ။ နောက် Codfish Brandada Roll...Codfish ကို သခွားသီးနဲ့ ပတ်ထားတဲ့ သူ့အရသာက လတ်ဆတ်နေတာပဲ။ အထူးသဖြင့် ဝိတ်ချနေတဲ့ လူတွေအတွက် ပိုသင့်တော်တယ်လို့ ထင်ပါတယ်။ လတ်ဆတ်တဲ့ ငါးရော၊ သခွားသီးကပါ လီမွန်အရသာလေးနဲ့ ခံတွင်းလည်း ရှင်းသွားစေပါတယ်။ နောက် Deep Fried Calamari with aioli! သူကတော့ ကင်းမွန်ကိုအကြွပ်ကြော်ထားပြီး ကြက်သွန်ဖြူ မရောနိစ်နဲ့စားရတာပါ။ နောက်ထပ် အစပ်အရသာ ကြိုက်နှစ်သက်သူတွေအတွက် တူနာနဲ့ အာလူးရယ်၊ အစပ်အရသာဆော့စ်နဲ့ တွဲဖက်ညီတဲ့ Spanish Potato Salad with tuna ရှိပါသေးတယ်။

 

 

ပီဇာတစ်မျိုးလောက်တော့ မြည်းကြည့်အုံးမှဆိုပြီး သူတို့ Signature ဖြစ်တဲ့ G Pizza ကိုကြည့်လိုက်တော့ Pepperoni, Ham, Tomato နှင့် Serrano Ham ဆိုတာတွေ ပါတာတွေ့ရပါတယ်။ Ham ကိုမှာ စပ်တာနဲ့ မစပ်တာဆိုပြီး ၂ မျိုးပါတာ ထူးခြားချက်ပဲ။ အသားတွေအများကြီးနဲ့ ခရမ်းချဉ်သီးအရသာက မအီပဲ တစ်ခုပြီးတစ်ခုထပ်စားချင်နေတာပါပဲ။

 

Babett ရဲ့ နောက်ထပ်နာမည်ကြီးတဲ့ Charcoal Grill တွေကိုလည်း မဖြစ်မနေမြည်းစမ်းကြည့်မှဖြစ်မယ်ဆိုပြီး ကိုယ့်အကြိုက်ဖြစ်တဲ့ Port Chop ကိုမှာခဲ့ပါတယ်။ ဝါးလိုက်တာနဲ့ ပါးစပ်ထဲပျော်ဝင်သွားအောင် Juicy ဖြစ်တဲ့ ဒီ Pork Chop ကို wine sauce လေးနဲ့ တွဲဖက်စားလိုက်တာ အကြိုက်တွေ့သွားတာပဲ။ (နောက်တခါသွားလည်း ဒီ Pork Chop ပဲထပ်စားဖို့ဆုံးဖြတ်ချက်ချလိုက်တာပဲ :P) Pork Chop မကြိုက်တဲ့လူတွေအတွက်တော့ တကယ်ကိုအရသာကောင်းမွန်တဲ့ Beef တွေရှိပါသေးတယ်။

 

 

နောက် အမြင်လေးနဲ့လုံးဝကွဲပြားတဲ့ Roasted Baby Carrots ကတော့ နောက်ထပ်အကြိုက်တွေ့သွားရတာ တစ်ခုပါပဲ။ အရမ်းကို လတ်ဆတ်လွန်းလို့ ချိုနေတဲ့ Baby Carrots လေးတွေကို အုန်းသီးအခြောက်ကြော်လေးနဲ့ စားလိုက်ရတာ ထူးထူးဆန်းဆန်းလေးပါပဲ။ ပုစွန်ကြိုက်နှစ်သက်တဲ့ လူတွေအတွက်ကတော့ လတ်ဆတ်တဲ့ပုစွန်ရယ်၊ ကြက်သွန်ကြော်ရယ်နှင့် သံပုရာအရသာလေးနဲ့ Gambas A La Plancha ရှိပါသေးတယ်။ နောက် Salmorejo ဆိုတဲ့ Tomato Soup ကို ငါးနဲ့ပြုလုပ်ထားလေးရှိပါတယ်။ နည်းနည်းလေးအီလို့ မြန်မာပါးစပ်နဲ့အကြိုက်မတွေ့လောက်ပေမယ့် မြည်းစမ်းကြည့်သင့်တဲ့ ဟင်းလျာတစ်ခုပါ။

 

 

နောက်ဆုံးအနေနဲ့ Dessert တွေစားပြီးတဲ့အချိန်မှာတော့ နောက်ထပ်အံ့သြသွားစေခဲ့တာလေးတွေ့လိုက်ရတာပါ။ နှစ်သက်ရာ Starter ရယ်၊ Main Choice ရယ်၊ Drink ရယ်မှ ၁၀ဝ၀ဝကျပ်ပါ။ အရသာရှိတဲ့ Western Cusine တွေကို ဒီဈေးနဲ့ရနိုင်တာ မဆိုးဘူးလို့မြင်မိပါတယ်။


နေ့စဉ် မနက်(၇)နာရီကစဖွင့်တဲ့ Babett ကတော့ အမှတ်(၅)၊ အလံပြဘုရားလမ်းပေါ်မှာ တည်ရှိပါတယ်။

 

MYO (MyLann)