Indiana Jones 5 ရုပ်ရှင်ကားကို ဒါရိုက်တာ စတီဗင်စပီးဘတ် ရိုက်ကူးမည်မဟုတ်

Indiana Jones 5 ရိုက်ကူးတဲ့အခါ စတီဗင်စပီးဘတ်က ဒါရိုက်တာလုပ်ဆောင်ပေးတော့မှာ မဟုတ်ဘူးလို့ စတီဗင်စပီးဘတ်ကိုယ်တိုင် ပြောကြားခဲ့ပါတယ်။ Indiana Jones ရုပ်ရှင်ကားလေးကားစလုံးကို ဒါရိုက်တာ စတီဗင်စပီးဘတ် ကိုယ်တိုင် ရိုက်ပေးခဲ့တာပါ။

 

အခုအချိန်မှာတော့ ဒီအခွင့်အရေးကို လူငယ်ဒါရိုက်တာတွေဆီ လက်ဆင့်ကမ်းပေးတော့မှာပါ။ ဒါရိုက်တာ ဂျိမ်းမန်ဂိုးကို စတီဗင်စပီးဘတ်ရဲ့ နေရာမှာ အစားထိုးသွားမယ်လို့လည်း variety မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ယခုလ အစောပိုင်းကလည်း Indiana Jones အဖြစ်သရုပ်ဆောင်တဲ့ ရုပ်ရှင်မင်းသား ဟာရီဆင်ဖို့ဒ် ကိုယ်တိုင် Indiana Jones 5 ကို အခုနှစ် နွေရာသီမှာ စတင်ရိုက်ကူး သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ။

 

ဟာရီဆင်ဖို့ဒ်ဟာ Indiana Jones ဇာတ်ကားလေးကားစလုံးမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး အခုကားကတော့ သူ့အတွက်ငါးကားမြောက်ပါပဲ။ Indiana Jones and the Kingdom of the Crystal Skull ဇာတ်ကားကို  ၂၀၀၈ ခုနှစ်က ပြသခဲ့ပြီး ကမ္ဘာအနှံ့ ကြည့်ရှုသူများခဲ့ပါတယ်။ Indiana Jones 5 ကိုလည်း ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးမယ်လို့ဒစ္စနေးက ကြေညာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။

 

စကိုင်းနယူးစ်