International Challenge ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဆီမီးဖိုင်နယ် တက်ရောက်

mdn

၂၂ နိုဝင်ဘာ

 

International Challenge ကြက်တောင်ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ အိန္ဒိယ နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

 

သက်ထားသူဇာသည် ပြိုင်ပွဲဒုတိယနေ့တွင် နှစ်ပွဲယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယအဆင့်နှင့် ကွာတား ဖိုင်နယ်တွင် နိုင်ပွဲများ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဒုတိယအဆင့်တွင် အိန္ဒိယကစားသမား တန်ဗီလတ်ကို ၂၁-၁၂ မှတ်၊ ၂၁-၁၅ မှတ်ဖြင့် နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့ခြင်းခဲ့ပြီး ကွာတား ဖိုင်နယ်တွင် ထိုင်း ကစားသမား နူတာကန်ကို  ၁၁-၂၁ မှတ်၊ ၂၁-၁၈ မှတ်၊ ၂၁-၁၇ မှတ်၊ နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားခဲ့ရပြီး ပထမပွဲငယ်တွင် အရေးနိမ့်ပြီးမှ ပွဲငယ်နှစ်ပွဲဆက်တိုက် ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

သက်ထားသူဇာသည် ဆီမီးဖိုင်နယ် တွင် ထိုင်းကစားသမား ဘင်ရာပါနှင့်တွေ့ဆုံ နေပြီး နိုဝင်ဘာ ၂၃ ရက်တွင် ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း- ရဲရင့်ရှိုင်း

ဓာတ်ပုံ- THET HTAR THUZAR Fb page