IWF Development Program 2019  Seminar and Workshop For Technical Officials အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂၉ ဇူလိုင်

အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် IWF Development Program 2019 Seminar and Workshop For Technical Officials အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall  ၌ ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာ့အလေးမအားကစားလောက ဖွံ့ ဖြိုးတိုးတက်လာစေရန် ခေတ်မှီသိပ္ပံနည်းကျသော နည်းစနစ်များ၊ နည်းဗျူဟာများ၊ ဥပဒေပိုင်းများ၊ အားကစားစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ ပေါင်းစပ်၍ ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာလေ့လာကြရန်လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိသည့်သင်ခန်းစာများနှင့်ပေါင်းစပ်ပြီး မိမိတို့ရှိ အရည်အချင်းများဖြင့် သမာသမတ်ရှိသည့် ဒိုင်လူကြီးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲအောင်မြင်အောင် ကျင်းပခွင့်ပေးခဲ့သည့် အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr TAMAS AJAM, Mr INTARAT, Mr MIWAT (TAWA) နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် Technical Expert Dr. Sirilak Thatman      က အလုပ်ရုံဆွေးနွေးပွဲ တက် ရောက်သူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ရာ သင်တန်းသားများကိုယ်စား အမျိုးသား ကိုယ်စားလှယ် (၂) ဦး၊ သင်တန်းသူများကိုယ်စား အမျိုးသမီးကိုယ်စားလှယ် (၂) ဦးမှ လက်ခံရယူသည်။ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက Technical Expert Dr. Sirilak Thatman   အား ဂုဏ်ပြုလက်မှတ်ချီးမြှင့်သည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၇ မှ ၂၉ ရက်အထိ  သင်တန်းသား (၃၂) ဦး၊ သင်တန်း သူ(၁၈) ဦး၊ စုစုပေါင်း (၅၀)  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

MDN