ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ရာ ဆွေးနွေးနေတဲ့ ကင်ဘမ်

တောင်ကိုရီးယားမင်းသားတစ်ဦးဖြစ်သူ ကင်ဘမ်ဟာ Ghost Doctor လို့ အမည်ရတဲ့ ရုပ်သံဇာတ်လမ်း တွဲသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ရာ လတ်တလောမှာ ဆွေးနွေးနေကြောင်း အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဇွန် ၂၃ ရက်မှာ ကင်ဘမ်ရဲ့ ဖျော်ဖြေရေးအေဂျင်စီက မင်းသားအနေနဲ့ အဆိုပါဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ရာ ဆွေးနွေးနေကြောင်း ပြောကြားခဲ့တာပါ။ အဆိုပါ ဇာတ်လမ်းတွဲမှာ မတူညီတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေရှိကြတဲ့ ဆရာဝန်နှစ်ဦး ခန္ဓာကိုယ်ချင်းပြောင်းလဲသွားခဲ့တဲ့အကြောင်းကို ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

အဆိုပါဇာတ်လမ်းတွဲရုပ်ရှင်မှာ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ရိန်းလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ မင်းသမီး ယူအီးနဲ့ မင်းသား ကင်ဘမ်တို့ကတော့ အဆိုပါ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ရာ ဆွေးနွေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

အေးပြည့်