JATA TOURISM EXPO 2018 တွင် ခရီးသွားပြခန်းပါဝင်ပြသနိုင်ရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ၈  ဇူလိုင် 

 

JATA Tourism Expo 2018 တွင် ခရီးသွားပြခန်းပါဝင်ပြသနိုင်ရေးနှင့် ခရီးသွားမြှင့်တင်ရေး Digital Marketing အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်မြို့  Inya Lake ဟိုတယ်၌ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအုန်းမောင် တက်ရောက်၍အဖွင့်အမှာစကားပြောကြားသည်။ 

 

အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဈေး ကွက်မြှင့်တင်ရေး အသင်းနှင့် Digital Marketing ဆောင်ရွက်နေကြသည့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံများမှ ခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုမြှင့် တက်လျက်ရှိသောကြောင့် ဂျပန်နိုင်ငံမှ ခရီးသွားဧည့်သည်များ တိုးတက်ရောက်ရှိရေးဆောင်ရွက်ရန်၊ နိုင်ငံတကာခရီးသွားပြပွဲများတွင် နိုင်ငံကိုယ်စားပြုခရီးသွားပြခန်း များပါဝင်ပြသရာ၌ နိုင်ငံအကြောင်းကို သိရှိရန်စိတ်ဝင်စားဖွယ်ခရီးစဉ် များကိုရှင်းလင်းပြောကြားရန်လို အပ်ပါကြောင်း၊ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၃၃) ကြိမ်မြောက် ကိုရီးယားကမ္ဘာ့ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံပြခန်းအနေဖြင့် The Best Boooth Operation Award ကို ရရှိခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အတွက်အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဂျပန်ဈေးကွက်သာမကကိုရီးယားနှင့် တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက်များကို ချဲ့ထွင်ရန်အတွက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ခရီးသွားဧည့်သည် များကို Visa Policy လျော့ပေါ့ပေးရန်သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေးအတွက် ရန်ပုံငွေရရှိရေးကိုလည်းအထူးကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ခရီးသွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် Tourism Promotion အတွက်သာမက Country Promotion အတွက်ပါ ထည့်သွင်းစဉ်းစားေ စလိုကြောင်းပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ၊ ဒုတိယဥက္ကဋ္ဌဦးမောင်မောင်ဆွေက၂၀၁၈ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်းဂျပန်နိုင်ငံရှိမြို့(၄)မြို့သို့ ပထမဆုံးအကြိမ်အဖြစ် Japan Tourism Road Show နှင့် Myanmar Festival 2018 သို့ သွားရောက်ခဲ့မှုကိုလည်းကောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေး ကွက်မြှင့်တင်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက JATA Tourism Expo 2018 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်းပါဝင်ပြသနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက်တက်ရောက်လာကြသည့် ကိုယ်စားလှယ်များကမြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် Digital Marketing မြှင့်တင်ရေးနည်းဗျူဟာများအကောင်အထည်ဖော်ရန်ကိစ္စရပ်များအားအကြံပြု ဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)