ဇော်ဝင်းထွဋ်၏ တစ်ကိုယ်တော် တေးဂီတ ဖျော်ဖြေပွဲ မန္တလေးမြို့တွင် ပြုလုပ်မည်

မန္တလေး ၂၉ ဇန်နဝါရီ

တေးသံရှင် ဇော်ဝင်းထွဋ်ရဲ့ "The journey " one man show တေးဂီတ ဖျော်ဖြေပွဲကို မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ခင်စောမူကွေ့ရှိ Golden City Event Park တွင် ညနေ (၆)နာရီမှ (၁၁)နာရီ အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်တစ်စောင်လျှင် ကိုးထောင်ကျပ်နှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်ကာ မန္တလေးမြို့ လမ်း ၈၀၊ ၂၆လမ်းနှင့် ၂၇လမ်းကြားရှိ လှိုင်း၊ ၇၇လမ်း ၃၂လမ်းနှင့် ၃၃လမ်းရှိ 5O1၊ ၇၁လမ်း လမ်း၃၀နှင့် ၃၁လမ်းကြားရှိ Tiger၊ ၃၆လမ်း ၇၃လမ်းနှင့် ၇၄လမ်းကြားရှိ ရွှေရာစုနှင့် ၈၃လမ်း ၃၇လမ်းနှင့်၃၈လမ်းကြားရှိ Rock တို့တွင် စတင်ဝယ်ယူနိုင်မည် ဖြစ်သည်။

mdn

လက်မှတ် ဝယ်ယူသူများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ဆုဆုရှိ