ဇမ္ဗူသီရိမြို့နယ်၌ ဒေသန္တရအမိန့်ဖောက်ဖျက်သူ ၂ ဦးကို ထောင်ဒဏ် ၁၅ ရက်ချမှတ်

နေပြည်တော်  ၂၁  ဧပြီ

 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ ဇီဇဝါပန်းအဝိုင်းအနီး၌ အမျိုးသား ၂ ဦး အကြောင်းမဲ့ သွားလာနေကြောင်း သတင်းအရ ဧပြီ ၁၈ ရက် ည ၁၁ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူ ဦးပြည့်ဖြိုးငြိမ်း ဦးစီးသည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ရွှေကြာပင်ရပ်ကွက်နေ ကျော်ဇင်ထက် (၂၇)နှစ်နှင့် အောင်ဇမ္ဗူရပ်ကွက်နေ မျိုးအောင်(၂၈)နှစ်တို့ ၂ ဦးအား တွေ့ရှိရသဖြင့် အရေးယူပေးပါရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ရာကြီးအမှုအမှတ်(၁၀၆/၂၀၂၀)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ကျော်ဇင်ထက်ပါ(၂)ဦးအား အလုပ်မဲ့ ထောင်ဒဏ်(၁၅)ရက် ချမှတ်ခဲ့ကြောင်း သိရသည်။  

 

(ရဲပြန်ကြား)