ဇင်းကျိုက်မြို့တွင် နိဗ္ဗာန်ဈေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဇင်းကျိုက်  ၁၂ ဒီဇင်ဘာ

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် ဒုတိယအကြိမ်ကျင်းပပြုသော မြို့လုံးကျွတ်နိဗ္ဗာန်ဈေး ပွဲတော်ကြီးကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၅ နာရီက  ဇင်းကျိုက်ရပ်ကွက်ရှိ မင်္ဂလာကန်တော်ကြီးဝင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်ကြီးတွင် ဇင်းကျိုက်အထကမိသားစု၊ ဇင်းကျိုက်ကျောင်းသားဟောင်းများ အဖွဲ့နှင့် ဇင်းကျိုက်မြို့ပေါ် (၄) ရပ်ကွက်မှ ရပ်ကွက်မိသားစုများ၊ ရပ်ကွက်နယ်မြေအလိုက် မိသားစုများ၊ တစ်ဦးချင်းအလှူရှင် မိသားစုဝင်များနှင့် ဇင်းကျိုက်မြို့အနီးဝန်းကျင် ကျေးရွာများမှ အလှူရှင်မိသားစု (၂၂) ဖွဲ့တို့က မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြင့် လည်းကောင်း၊ အစားအသောက် အမျိုးစုံလင်စွာဖြင့်  ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း  သိရသည်။

 

နေခြည် (ဇင်းကျိုက်)