ဇန်နဝါရီ ၁၃ ရက်အတွက် ပင်လယ်ပြင်ခရီး မိုးလေဝသခန့်မှန်းချက် 

နေပြည်တော် ၁၃ ဇန်နဝါရီ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်မှာ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်သည်။ 

 

အမြင်တာမှာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေသည် အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီ ပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအ‌ခြေအနေမှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့် (၃)ပေမှ (၅)ပေခန့်ရှိနိုင်သည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်မှာ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာမှာ (၅)မိုင်။

 

ရေပြင်လေသည် မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီ ပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအ‌ခြေအနေမှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့် (၃)ပေမှ (၅)ပေခန့်ရှိနိုင်ကြောင်း သိရသည်။

 

MDN