ဇူလိုင် ၁၆ ရက်တွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၃၉ ဦးရှိပြီ

နေပြည်တော်  ၁၆  ဇူလိုင်

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ဦးရေ ၃၃၉ ရှိပြီ ဖြစ်ကြောင်း၊   ထပ်တိုးလူနာ  နှစ်ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ခရီးသွားရာဇဝင် မရှိသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်