K-Pop ကာရာအဖွဲ့ဝင်ဟောင်း ဂိုးဟာရာ ဆိုးလ်မှာရှိတဲ့ အိမ်မှာ သေဆုံးနေကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

၂၅ နိုဝင်ဘာ

 

K-Pop ကာရာအဖွဲ့ဝင်ဟောင်း အသက် ၂၈ နှစ်အရွယ် ဂိုးဟာရာဟာ ဆိုးလ်မှာရှိ သူမရဲ့နေအိမ်မှာ သေဆုံးနေတာကို တနင်္ဂနွေနေ့ ညနေပိုင်း တွေ့ရှိကြောင်း၊ ဘာကြောင့်သေဆုံးတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

ဂိုးရဲ့ ဆိုရှယ်မီဒီယာ အင်စတာဂရန် ပေါ်က နောက်ဆုံး ပို့စ်မှာ သူမဟာ အိပ်ယာပေါ်မှာ ရှိနေတဲ့ ဓါတ်ပုံနဲ့အတူ "Good night" စာသားရေးတင်ခဲ့ပါတယ်။ သူမရဲ့အင်စတာဂရန်မှာ follower ပေါင်း ၁.၅ သန်းရှိတာကို တွေ့ရပါတယ်။

 

ဂိုးဟာရာဟာ ကာရာအဖွဲ့ကို ၂၀ဝ၈ ခုနှစ်က စတင်ဝင်ရောက်ပြီး ၂၀၁၅ ခုနှစ်အထိဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကာရာအဖွဲ့ ပျက်သွားပြီး  ဂိုးဟာရာက တစ်ကိုယ်တော်ဖျော်ဖြေရေးတွေကို လုပ်ဆောက်လာရာ နောက်ဆုံးအခွေနဲ့အတူ ဂျပန်နိုင်ငံကို သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

 

ဂိုးရဲ့ boyfriend ဟောင်းက သူမရဲ့ အလုပ်အကိုင်ကို ဖျက်ဆီးနိုင်တဲ့ သူမရဲ့ ပုဂ္ဂလိက ဗီဒီယိုဖိုင်ကို ဖြန့်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာလက တရားစွဲဆိုခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ boyfriend ဟောင်းက ခန္ဓာကိုယ်ဒဏ်ရာအောင် လုပ်ဆောင်မှုနဲ့ ပစ်စာပို့တဲ့အတွက် ဆိုင်းငံ့ထောင်ဒဏ်ကို သြဂုတ်လ ချမှတ်ခံထားရပါသေးတယ်။

 

ဂိုးရဲ့ အရင်းအနှီးဆုံးသူငယ်ချင်း K-Pop ကြယ်ပွင့် ဖြစ်တဲ့ ဆူးလီသေဆုံးပြီး တစ်လအကြာမှာ ဂိုးသေဆုံးတာ ဖြစ်ပါတယ်။ ဆူးလီဟာ ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်မှာ အနိုင်ကျင့်အရှက်ခွဲတာ (online bullying) ကို အချိန်အကြာကြီးခံရပြီး သူမကို သူမ သတ်သေခဲ့တာဖြစ်ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုသတ်သေသူ အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

MDN

ကိုးကား - AFP