ကြာအင်းဆိပ်ကြီးမြို့၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူလျက်ရှိ

ကြာအင်းဆိပ်ကြီး ၁၈ ဒီဇင်ဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသား ကဏ္ဍဆိုင်ရာ တွက်ချက်မှုနှုန်းထားများ ပြင်ဆင်နိုင်ရေး၊ GDP တွက်ချက်မှုအပေါ်  အကျိုးသက်ရောက်မှုရှိစေ ရန်နှင့် တိရစ္ဆာန်ကောင်ရေ စာရင်းများ အနီးကပ်ဆုံး မှန်ကန်စေရေးအတွက်ရည်ရွယ်ပြီး ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ကြာအင်းရွှေဒိုးကျေးရွာအုပ်စုရှိ သုံးတိုင် ကျေးရွာတွင် စတင်ကောက်ယူလျက်ရှိသည်။

 

1

 

အဆိုပါ ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ကရင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ဦးစီးမှူးဒေါက်တာစိုးလွင်နှင့်ဝန်ထမ်းများက ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာ(၅၇)ရွာ အိမ်ထောင်စုပေါင်း(၆၄၀၀)ကျော်အား တစ်အိမ်တက်ဆင်း (GOV)တွက်ချက်မှုနှုန်း မှန်ကန်တိကျစေရေးအတွက် ဇန်နဝါရီလ ဒုတိယအပတ်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)