ကာဂျစ္စတန်တွင် ၂၇၉ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရ

၃၀ ဇွန်

 

 

ကာဂျစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၇၉ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၅၂၉၆ ဦး ရှိကြောင်း ဇွန် ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ထပ်မံကူးစက်ခံရသူများအနက် နှစ်ဦးသည် ပြည်ပပြန်များဖြစ်ပြီး ကျန် ၂၇၇ ဦးသည် အတည်ပြု ကူးစက်ခံရသူများနှင့် ထိတွေ့သူများဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မာဒီမင် ရရာတိဗ် က နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

 

ဆေးဘက်ဆိုင်ရာ လုပ်သား ၄၇ ဦး ထပ်မံကူးစက်ခံရပြီး ကူးစက်ခံရသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၈၃၀ ဦးအထိ မြင့်တက်လာသည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။

 

 

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ပြီးခဲ့သည့်နေ့က ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၇၆ ဦး ရှိပြီး ဆေးဘက်ဆိုင်ရာ လုပ်သား ၄၄၂ ဦး အပါအဝင် ပြန်လည်ကျန်းမာလာသူ ၂၃၇၀ ဦး ရှိသည်။

 

 

ဗိုင်းရပ်စ်နှင့် ဆက်နွှယ်သည့် သေဆုံးမှု ခုနစ် ရှိပြီး သေဆုံးမှု စုစုပေါင်း ၅၇ ဦးအထိ ရှိလာသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

 

ဆေးရုံတွင် တက်ရောက်နေသူ ၇၂၁ ဦး ရှိပြီး ၂၃ ဦးမှာ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသည်။

 

 

ကာဂျစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်သည့် ဘီရှကတ်သည် ကူးစက်မှု အများဆုံးဖြစ်ပြီး ထပ်မံကူးစက်ခံရသူ ၁၈၂ ဦး၊ ကူးစက်ခံရသူ ၂၁၉၉ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို