ကာလိမြို့  တိုက်နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကာလိ၊မေ ၂၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တိုက်နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ယနေ့ နံနက် ၈ နာရီခန့်က ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေး‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဆေရုံးသို့ ကျန်းမာရေးအတွက် လာရောက်ကုသကြသည့် ပြည်သူများအား လေကောင်း လေသန့်ရရှိရေးနှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက်  ကာလိမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကာလိမြို့နယ် မြေစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်းမှ တပ်သားများတို့က ပူးပေါင်းကာ  မြက်ပင်များ၊ အမှိုက်များကို သန့်ရှင်းရေး‌ဆောင်ရွက်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို  ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)