ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ကာလိ၊  ၁၀  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲက ကာလိမြို့မဈေး၊ ယာယီပျံကျဈေးနှင့် ပြည်ထောင်စု လမ်းမကြီး၌ လူစည်ကားရာ နေရာများတွင်  ဆောင်ရွက်ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကွန်ဟိန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာရဲခေါင်ထက်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကာလိမြို့အတွင်း ဝင်/ထွက် သွားလာနေကြသည့် ပြည်သူများ၊ ဈေးရောင်း/ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ပြောကြားခဲ့သည်။

 

ကွန်ဟိန်းမြို့နယ်နှင့် ကာလိမြို့တို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ကွန်ဟိန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာရဲခေါင်ထက်ထံမှ သိရသည်။

 

ဝင်းကျော်(ကာလိ)

mdn