ကာလိမြို့၌ တင်းလီဈေးသစ်ဖွင့်ပွဲ ကျင်းပ

ကာလိ၊   ၁၈   ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ အမှတ်(၄)ရပ်ကွက် တိုးချဲ့ကွက်သစ်တွင် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သည့် “တင်းလီ”ဈေးသစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် ဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီက ကျင်းပရာ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စော၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ဈေးသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး   “တင်းလီ”ဈေးသစ် ဆိုင်းဘုတ်အား အမွေးနံ့သာရေ ပက်ဖျန်းပေးကြသည်။

 

ထို့နောက် “တင်းလီ” ဈေးသစ်ကြီးကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဝင်းကျော်(ပြန်/ဆက်)