ကာမိုင်းမြို့၌ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် အရိပ်ရအပင်များစိုက်ပျိုး

ကာမိုင်း   ၂၇   ဇွန်     

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်(၇)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် အရိပ်ရအပင်များစိုက်ပျိုးခြင်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်သူ့အားကစားကွင်းဘေး၌ ယနေ့နံနက် ၇ နာရီတွင် စိုက်ပျိုးခဲ့ကြသည်။

 

အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးကွေ့ဘောမ်ယော် ဦးဆောင်သောအဖွဲ့မှ အရိပ်ရနှစ်ရှည်ပင်များဖြစ်သော ကျွန်းပင် ၆၀ ၊ ပိတောက်ပင် ၂၀ ၊ စိန်ပန်းပင် ၂၀ ၊ ပျဉ်းကတိုးပင် ၂၀ စုစုပေါင်းပျိုးပင် ၁၂၀ တို့ကို မြို့ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်(သန္ဓေ)တပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပြည်သူများစုပါင်း၍ စိုက်ပျိုးခဲ့ကြသည်။

 

ထို့နောက် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် အရိပ်ရစေခြင်း၊ လူသားများအတွက်အကျိုးရှိစေခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစေခြင်းနှင့် စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)