ကာမိုင်းမြို့၌ တောင်သူလယ်သမားများထံ လယ်ယာမြေပုံစံ(၇)ပေးအပ်

ကာမိုင်း  ၂၇   ဇူလိုင်     


တောင်သူလယ်သမားများထံ လယ်ယာမြေပုံစံ(၇)ပေးအပ်ပွဲကို ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။ 


အဆိုပါပေးအပ်ပွဲတွင် ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေများပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးထွန်းထွန်းက လယ်သမားများ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် တစ်သက်သာပိုင်ဆိုင်ခွင့်ရရှိစေရန်နှင့် မိုးချေးငွေ၊ ဆောင်းချေးငွေများထုတ်ချေးရာတွင် အဆင်ပြေစေရန်အတွက် ထုတ်ပေးရခြင်းဖြစ်ကြောင်း ပုံစံ(၇)မရရှိသေးသူများကလည်း ရပ်ကျေးလယ်/စီအဖွဲ့ထံတို့ လျှောက်ထားနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ၎င်းအခမ်းအနားပေးအပ်ရာ၌ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များကို ကာမိုင်းမြို့အတွင်းရှိ ပုံစံ(၇)လျှောက်ထားသူ(၁၅၃၉)ဦးအနက် ထုတ်ပေးပြီးသူ(၁၀၈၉)ဦး၊ ထုတ်ပေးရန် ကျန်ရှိသူ(၄၅၀)ဦးတို့ဖြစ်ပြီး ယနေ့ထုတ်ပေးသည့်အရေအတွက်မှာ မြို့မရပ်ကွက်(၅၁)ဦး၊ နန့်စီးအင်ကျေးရွာအုပ်စု(၂၈)ဦး၊ ကထန်ယန်ကျေးရွာအုပ်စု(၂၄)ဦးနှင့် ဂေါ်ရီကျေးရွာအုပ်စု(၁၉)ဦး စုစုပေါင်းတောင်သူ(၁၂၂)ဦးတို့အား ကာမိုင်းမြို့တာဝန်ရှိသူများကပေးအပ်ရာ ကျးရွာအုပ်ချုပ်ရေးမှူးနှင့် လယ်ယာမြေပိုင်ရှင်တို့မှ အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။


ဇွဲသူရအောင် (ပြန်/ဆက်)

 

1