ကဲလ်ဘရွတ်ကို ရှုံးနိမ့်မှာ မလိုလားဘူးလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ အမီရာခန်

ဗြိတိန်လက်ဝှေ့ကျော် အမီရာခန်ဟာ တစ်နိုင်ငံတည်းသား လက်ဝှေ့ကျော် ကဲလ်ဘရွတ်နဲ့ ယှဉ်ပြိုင် ထိုးသတ်မယ့် လက်ဝှေ့ပြိုင်ပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ ကဲလ်ဘရွတ်ကို ရှုံးနိမ့်မှာမလိုလားဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားနှစ်ဦးဖြစ်တဲ့ အမီရာခန်နဲ့ ကဲလ်ဘရွတ်တို့ဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ မန်ချက်စတာမြို့ရှိ အေအိုအရီနာ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းကတည်းက လူသိရှင်ကြား ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

ကမ္ဘာ့လိုက်ဝယ်တာဝိတ်ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ အမိရာခန်ဟာ ကဲလ်ဘရွတ်ကို အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့ လက်ရှိမှာ အမေရိကန်နိုင်ငံ၌ လေ့ကျင့်ရေးဆင်းနေတယ်လို့သိရပါတယ်။ အမိရာခန်ဟာ လက်ဝှေ့သမားဘဝတစ်လျှောက် ၃၉ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ  ၃၄ ပွဲအနိုင်ရရှိကာ ငါးပွဲရှုံးနိမ့်ခဲ့ပြီး ၂၁ ပွဲက အလဲထိုးနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ကဲလ်ဘရွတ်ကတော့ လက်ဝှေ့သမားဘဝ တစ်လျှောက် ၄၂ ပွဲမှာ ၃၉ ပွဲ နိုင်ပွဲရရှိကာ သုံးပွဲရှုံးနိမ့်ခဲ့ပြီး ၂၇ ပွဲက အလဲထိုးနိုင်ပွဲရရှိထားတာ ဖြစ်ပါတယ်။

ငွေကြယ်

ပုံစာ-အမီရာခန်(ဝဲ) နှင့် ကဲလ်ဘရွတ်(ယာ)