ကစားသမားဘဝစတင်ခဲ့သည့် လိုင်ယွန်အသင်းမှာပင် အနားယူမည်ဟု ဘင်ဇီမာပြောကြား

mdn

ဧပြီ ၁၉

 

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ကီရင်ဘင်ဇီမာဟာ သူ့ရဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှာပဲ အနားယူသွားမယ်လို့ အရိပ်အမြွက်  ပြောကြားလာပါတယ်။

 

ပြင်သစ်လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်တဲ့ဘင်ဇီမာဟာ လိုင်ယွန်မြို့မှာ မွေးဖွားခဲ့ သူဖြစ်ပြီး အသက် ၁၀ နှစ် အရွယ်မှာ လိုင်ယွန်အသင်းနဲ့အတူ လေ့ကျင့်ကစားခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူး ဘင်ဇီမာဟာ လိုင်ယွန်အသင်းနဲ့အတူ ကစားသမားဘဝ ဖြတ်သန်းခဲ့ရာမှာ ပွဲပေါင်း ၁၅၀ ကျော်ပါဝင် ကစားပေးခဲ့တာဖြစ်ပြီး ၂၀ဝ၄ ခုနှစ်ကနေ ၂၀ဝ၈ ခုနှစ်အကြား လိုင်ယွန်အသင်းအတွက် ပြင်သစ်ပထမတန်းဖလား လေးနှစ် ဆက်တိုက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

 

အဲဒါကြောင့် ရီးယဲလ်မက်ဒရစ်အသင်းကဘင်ဇီမာကို ခေါ်ယူခဲ့ပြီး ဘင်ဇီမာဟာ စီရိုနယ်လ်ဒို၊ ဂါရတ်ဘေးလ် တို့နဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ် ဖလားလေးကြိမ်နဲ့ စပိန်လာလီဂါဖလားနှစ်ကြိမ်တို့ကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

 

ငွေကြယ်