ကော်ဇောနီပေါ်က ၂၀၁၈ အော်စကာဆု ပွဲတက် ဖက်ရှင်များ

နေပြည်တော် ၆ မတ်

 

ပြီးခဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ နှစ် (၉၀) ပြည့် အော်စကာ ဆုပေးပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်၊ အဆိုတော်တွေထဲက ၁၅ ဦးရဲ့ ပွဲတက် ဝတ်စုံတွေ၊ ပွဲတက်ဖိနပ်နဲ့ လက်ဝတ် ရတနာတွေဟာ ဘယ်ဒီဇိုင်းနာရဲ့ လက်ရာတွေ ဖြစ်တယ်ဆိုတာကို Myanmar Digital News ကနေ စုစည်း တင်ဆက်ပေးလိုက်ရပါတယ်။ 



သရုပ်ဆောင် လူပီတာ နီယွန်ကတော့ အီတလီ နိုင်ငံထုတ် နာမည်ကျော် Versace လက်ကိုင်အိတ်၊ Niwaka က လက်ဝတ်ရတနာ ဝတ်ဆင်ထားပြီး ဖိနပ်ကိုတော့ ဘရာဇီးနိုင်ငံသား ပွဲတက်ဖိနပ် ဖက်ရှင်ဒီဇိုင်နာ Alexandre Birman တံဆိပ်ကို ရွေးချယ် ဝတ်ဆင်ခဲ့ပါတယ်။ ရွှေရောင်နဲ့ အနက်ရောင်ကို ရောစပ်ထားတဲ့ ဂါဝန်ကြောင့် တစ်မျိုး ဆွဲဆောင်မှု ရှိနေပါတယ်။

 

 

အသက် ၃၅ နှစ်အရွယ် အမ်မလီ ဘလန့် ကတော့ အီတလီ ဒီဇိုင်းနာ Schiaparelli ရဲ့ငွေရောင်ဝတ်စုံနဲ့ ရိုးရိုးရှင်းရှင်း လှပနေခဲ့ပါတယ်။ လက်ဝတ် ရတနာကိုတော့ Chopard က ဆင်မြန်းပေးခဲ့ပါတယ်။

 

အကယ်ဒမီဆု ၃ ဆုပိုင်ရှင် အမေရိကန် သရုပ်ဆောင် မင်းသမီး Meryl Streep ကတော့ Christian Dior က အနီရဲရဲ ဂါဝန်နဲ့ တည်ငြိမ် လှပနေပါတယ်။ အိတ်ကတော့ Christian Louboutin ကဖြစ်ပြီး လက်ဝတ် ရတနာကိုတော့ Fred Leighton က ဆင်မြန်းပေးထားပါတယ်။ ဖိနပ်ကတော့ ကော်ဇောနီထက်မှာ နာမည်ရပြီးသားဖြစ်တဲ့ Stuart Weitzman က ဖြစ်ပါတယ်။

 

အမေရိကန် အဆိုတော်၊ မင်းသမီး တစ်ဦးဖြစ်တဲ့ Haley Bennett ကတော့ Christian Dior ဂါဝန်ဒီဇိုင်းဆန်း အနက်ရောင်နဲ့ ပွဲတက်ခဲ့ပါတယ်။ ဂါဝန်ကို သားမွှေး အစိမ်းပုတ်နဲ့ ရောစပ် အလှဆင် ထားတာကြောင့် ဆွဲဆောင်မှု ရှိနေခဲ့ပါတယ်။

ဇင်ဘာဘွေဖွား အမေရိကန် သရုပ်ဆောင် Danai Gurira ကတော့ Gabriela Hearst က အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ခဲ့ပြီး ဖိနပ်ကိုတော့ Sergio Rossi ကို ရွေးချယ်ခဲ့ပါတယ်။

 

 

အင်္ဂလိပ်လူမျိုး ရုပ်ရှင်သရုပ်ဆောင် Sally Hawkins ကတော့ Armani Privé က ရိုးရှင်းတဲ့ အညိုအဖျော့ရောင် ဂါဝန်အရှည်ကို ဝတ်ဆင်ပြီး Chopard တံဆိပ် လက်ဝတ် ရတနာတွေကို ဆင်မြန်းထားပါတယ်။

 

သြစတေးလျလူမျိုး ရုပ်ရှင်သရုပ်ဆောင် Nicole Kidman ကတော့ Armani Privé တံဆိပ် အပြာရောင် ဂါဝန်ကို ဝတ်ဆင်ပြီး Harry Winstonက ထုတ်လုပ်ထားတဲ့ လက်ဝတ် ရတနာတွေကို ဆင်မြန်းပြီး Christian Louboutin တံဆိပ် ဖိနပ်ကို စီးထားပြီး အော်စကာ ပွဲတက်တဲ့ သူတွေကြားမှာ ထင်ထင်ရှားရှားနဲ့ တစ်မျိုး ဆွဲဆောင်မှု ရှိနေတာကို တွေ့ရပါတယ်။

 

ဘဲလေးအက ပညာရှင် Violetta Komysha ဟာ သူမနဲ့ အထက်တန်း ကျောင်းသား အရွယ်ကတည်းက တွဲလာတဲ့ အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ DJ ၊ အဆိုတော် Ansel Elgort နဲ့အတူ အော်စကာ ဆုပေးပွဲကို တက်ရောက်ခဲ့ Tom Ford ထုတ်လုပ်တဲ့ အဝတ်အစားများကို နှစ်ယောက်လုံး ဝတ်ဆင်တာကို တွေ့ရပါတယ်။

 

အော်စကာဆု အပါအဝင် တခြားဆုပေါင်းများစွာရှင် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် Sandra Bullock ကတော့ Louis Vuitton က ရွှေရောင်နဲ့ အနက်ရောင် ဒီဇိုင်းပါ ဂါဝန်ကို ဝတ်ဆင်ပြီး Zac Posen လက်ကိုင်အိတ်နဲ့ ဝင့်ဝင့်ကြွားကြွား လှနေတာကို တွေ့ရပါတယ်။

 

 

အော်စကာဆု နှင့် တခြားဆုများရှင် Emma Stone ကတော့ Louis Vuitton က ထုတ်လုပ်လိုက်တဲ့ အနီရောင် ကုတ်အင်္ကျီမှာ ပန်းရောင်ခါးစည်းကြိုးနဲ့ အနက်ရောင် ဘောင်းဘီရှည်ကို တွဲဖက် ဝတ်ဆင်တာကလည်း ဂါဝန် ဝတ်ဆင်ထားတဲ့ သူတွေကြားမှာ တစ်မျိုး အမြင်ဆန်းစွာ ဆွဲဆောင်မှု ရှိနေပါတယ်။

 

အော်စကာဆုရှင် Jennifer Lawrence ကတော့ Dior က ထုတ်လုပ်လိုက်တဲ့ ရွှေအိုရောင် ဂါဝန်အရှည်နဲ့ ဆံပင်ကို ကပိုကရို ချထားပုံကလည်း ဆွဲဆောင်မှု ရှိနေပါတယ်။

 

အသက် ၂၂ နှစ် အရွယ်သာရှိသေးတဲ့ Call Me By Your Name ထဲက ရုပ်ရှင်သရုပ်ဆောင် Timothée Chalamet ကတော့ Berluti က ထုတ်လုပ်ထားတဲ့ အဖြူရောင် ဝတ်စုံနဲ့ တွေ့ရပါတယ်။

 

ရွှေကမ္ဘာလုံးဆုရှင် Greta Gerwig ကတော့ အမေရိကန်တံဆိပ် Rodarte က ထုတ်လုပ်ထားတဲ့ အဝါရောင် ဂါဝန်ရှည်နဲ့ အမေရိကန်တံဆိပ် Tiffany & Co. jewelry က လက်ဝတ် ရတနာတွေကို ဆင်မြန်းထားပါတယ်။

 

Margot Robbie ကတော့ Chanel Haute Couture က ထုတ်လုပ်လိုက်တဲ့ အဖြူဆွတ်ဆွတ် ဂါဝန်အရှည်ကို ဝတ်ဆင်ပြီး Roger Vivier တံဆိပ် ဖိနပ်ကို စီးထားတာကို တွေ့ရပါတယ်။

Young Holloywood ဆုရှင် Armie Hammer ကတော့ Giorgio Armani က ထုတ်လုပ်ထားတဲ့ ပိုးကတ္တီပါ နီညိုရောင် ဝတ်စုံနဲ့ ဆွဲဆောင်မှုရှိရှိ တွေ့ရပါတယ်။

 

ကိုးကား -VOGUE မဂ္ဂဇင်း