ကျောက်ဆည် တက္ကသိုလ်တွင် Facility  Quarantine ထားရှိသူများ (၂၁)ရက် ပြည့်ပြီးသူ (၂၂ ) ဦးအား နေအိမ်သို့ပြန်ခွင့်ပြု

ကျောက်ဆည် ၁၄  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တက္ကသိုလ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်း ကော်မတီက နေရပ်ပြန်ပြည်သူများကို Facility Quarantine (၂၁)ရက် အသွားအလာ ကန့်သတ် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိရာ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါလက္ခဏာများ မတွေ့ရှိသဖြင့် သီးသန့်နေထိုင်မှု (၂၁)ရက်ပြည့်ပြီးသော နေရပ်ပြန် ပြည်သူ (၂၂)ဦးအား မိမိတို့နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ကျောက်ဆည်တက္ကသိုလ်တွင် နေရပ်ပြန်များအား Facility Quarantine (၂၁)ရက် ပြည့်မြောက်ပြီး ဖြစ်သဖြင့် ပြန်ခွင့်ပြုခဲ့ရာ မိမိတို့နေရပ်များသို့ ပြန်လည် ရောက်ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီဆောင်ရန်၊ ရှောင်ရန် အချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းတို့က မိမိတို့ နေရပ်သို့ပြန်မည့် ပြည်သူများအား ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ကျောက်ဆည်တက္ကသိုလ်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူ (၁၄၃)ဦးအား အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း၊ နှာခေါင်းတို့ဖက်၊ အာခေါင်တို့ဖက် နမူနာများ ရယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိခြင်း မရှိသဖြင့် ယမန်နေ့က (၁၂၁)ဦးနှင့် ယနေ့တွင်(၂၂)ဦး၊ စုစုပေါင်း(၁၄၃) ဦးတို့အား မိမိတို့နေရပ် အသီးသိးသို့ ပြန်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူးပြောပြ၍ သိရသည်။

 

           

တင်တင်ထွေး(ပြန်/ဆက်)