ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ထိပ်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ

နေပြည်တော် ၃၀ ဇူလိုင်

 

ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွှေသာလျောင်းတောင်ထိပ်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

MDN

ဓာတ်ပုံ- MFSD