ကျောက်ဆည်မြို့နယ်၌ ဆဋ္ဌမအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၄၉၄၁ ဦး ထိုးပြီးဖြစ်

ကျောက်ဆည်   ဇန်နဝါရီ    ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ဆဋ္ဌမအသုတ် (ပထမအကြိမ်)တွင် ကာကွယ်ဆေး ထိုးပြီးသူ ၄၉၄၁ ဦးရှိကြောင်း သိရှိရသည်။

ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သံဃာတော် ၂၅ ပါး၊ အစိုးရကျန်းမာရေး ဝန်ထမ်း သုံးဦး၊ နိုင်ငံ့ ဝန်ထမ်း ၁၈ ဦး၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်း ၂၉၃ ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ကိုင်သူ ၂၃ ဦး၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှု လုပ်ကိုင်သူ သုံးဦး၊ ပုဂ္ဂလိက ပညာရေးဝန်ထမ်း တစ်ဦး၊ အခြား ဝင်ငွေရ လုပ်ကိုင်သူ ၃၄၅၃ ဦး၊ ပြည်သူ ၇၆၇ ဦး၊ မသန်စွမ်းသူ တစ်ဦးနှင့် ကျောင်းသား ကျောင်းသူ ၃၅၄ ဦး  စုစုပေါင်း ၄၉၄၁ ဦး ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်စီမံချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ဒွေးလှ၊ ရဲရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲများနှင့် မြို့တော်ခန်းမတို့တွင် အဖွဲ့များခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)