ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်လှူပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပ

ကျောက်ဆည်၊ အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေသာလျောင်းဘုရား ဆင်လှူပွဲတော်အား ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဦးစွာ ရွှေသာလျောင်းဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်လေးနှင့်အဖွဲ့ဝင်များက ပင့်သံဃာ ဆရာတော်ကြီးများအား အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချတရား နာယူကြည်ညိုကြသည်။ ထို့နောက် ခရို်ငစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဂေါပကဥက္ဋ္ဌနှင့်ဖွဲ့ဝင်များ၊ နယ်သူ/နယ်သား၊ ပြည်သူများက ရွှေဆင်၊ ငွေဆင်များဖြင့် ရွှေသာလျောင်းဘုရားကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ကာ ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။ 

ကျောက်ဆည်မြို့ နယ်သူ/နယ်သားများအနေဖြင့် ရွှေသာလျောင်းဆုတောင်းပြည့် မြတ်စွာဘုရားကြီးအား ရှေးယခင်က မုန့်များဖြင့် ဆင်အရုပ်များပြုလုပ်ကာ ကပ်လှူပူဇော်ခဲ့ကြကြောင်းနှင့် ဆင်အရုပ်များလှူခြင်းဖြင့် ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံများ အထွက်ကောင်းမွန်ကြောင်း သိရှိရကာ ဆင်အကအလှပြိုင်ပွဲအား ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် (၁၃)ရက်၊ အောက်တိုဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ကျောက်ဆည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်