ကျောက်ဆည်နည်းပညာတက္ကသိုလ်ရှိFacility Quarantine ဆောင်ရွက်ထားသည့်အဆောင်များအား     ကိုဗစ်-၁၉  ရောဂါကာကွယ်  ဆေးများဖျန်းပေးလျက်ရှိ

ကျောက်ဆည် ၂၇  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို၊ နည်းပညာတက္ကသိုလ်ရှိ Facility Quarantine ဆောင်ရွက် ထားသည့်အဆောင်များတွင် ကျန်းမာရေးနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မကြာခဏ ဖျန်းပေးလျက် ရှိပြီး ဧပြီ(၂၇)ရက်နံနက်(၉)နာရီတွင်လည်း ကျောက်ဆည်မြို့နယ်အတွင်းရှိ တပ်မတော်၊ တပ်ရင်း တပ်ဖွဲများမှ တပ်ဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းပြီး ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများ ဖျန်းပေးလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဆောင်ရွက် ထားသည့်အဆောင် (၂)ဆောင် ရှိပြီး မြခွာညိုအဆောင်တွင် တရုတ်နိုင်ငံပြန် အမျိုးသမီး(၁)ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးခြားပြန် အမျိုးသမီ(၅)ဦး၊ အမျိုးသား(၇)ဦး၊ စုစုပေါင်း(၁၃)ဦးရှိပြီး၊ အနော်ရထာအဆာင်တွင် တရုတ်နိုင်ငံပြန် ကျား(၅)ဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးခြားပြန် အမျိုးသမီး(၂)ဦး၊အမျိုးသား(၅)ဦး၊ စုစုပေါင်း(၁၂)ဦး ရှိကြောင်းလည်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)