ကျောက်ကြီးမြို့နယ်အတွင်း မိုးရာသီ သာဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် နေရာများအား ကြိုတင်ကာကွယ်နိုင်ရန် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ကြီး သြဂုတ်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ သြဂုတ် ၄ ရက် ညနေ ၅ နာရီတွင် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်ပြီး ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်း မိုးရာသီ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် နေရာများအား ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

စစ်ဆေးကြည့်ရှုရာတွင် နတ်သံကွင်းတိုက်နယ်အတွင်းရှိ စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းရေလွှဲပြုလုပ်နေမှု အခြေအနေနှင့် စစ်တောင်းမြစ် မြစ်ရေအမှတ်တိုင်းတာမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျွန်းပင်ဆိပ်ကျေးရွာတွင် ပြုလုပ်ထားသည် ရေတံခါးအား ကျောက်ကြီးချောင်းရေ မြင့်တက်လာချိန်တွင် အဖွင့်အပိတ်ထားရှိမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)