ကျောက်မဲမြို့လူထုအခြေပြုဗဟိုဌာနတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောက်မဲ  ၁၈   ဒီဇင်ဘာ

 

           

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မူကြိုကျောင်း များနှင့်ပူးပေါင်း၍ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာယဉာဏ စွမ်းရည် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

3

 

           

ပြိုင်ပွဲတွင် ပင်ပေါင်ကောက်၊ ဘောလုံးသယ်၊ ဆေးရောင်ခြယ် စသည့် ပြိုင်ပွဲများကျင်းပခဲ့ပြီး မိခင်နှင့်ကလေး စောင့်ရှောက်အသင်းမူကြိုကျောင်းနှင့် ကြယ်စင်လင်းမူကြိုကျောင်းမှ ကလေး ၁၀ ဦးစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲဝင်ကလေးများအားလုံးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ တာဝန်ရှိသူနှင့် အလှူရှင်များက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

5

 

 

ခရိုင်ပြန်/ဆက်