ကျောက်မဲမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြို့စိမ်းလန်းစိုပြည်လှပရေး သစ်ပင်စိုက်ပျိုး

ကျောက်မဲ ၂၅ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း-ပြိန်းနင်လမ်း(မြို့ပတ်လမ်း)ဘေးဝဲယာတွင်  ယနေ့နံနက် ၉ နာရီက  မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏စီမံမှုဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြို့စိမ်းလန်းစိုပြည်လှပရေးအတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးခဲ့သည်။

 

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သစ်ပင်ချစ်မြတ်နိုးသူများအသင်းတို့က နှစ်ရှည်ပင်များဖြစ်သည့် ကျွန်းနှင့် ချယ်ရီပင် စုစုပေါင်း ၃၀ဝ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

အလားတူ သက်ကြီးစောင့်ရှောက်ရေးစင်တာဘေးရှိ အောင်မြေသာယာ-ကောင်းအက်-ခိုမုန်းလမ်းဘေး ဝဲယာတွင်လည်း ကျွန်းနှင့်ချယ်ရီပင် ၃၀ဝ ပင်ကို ဆက်လက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)

 

mdn