ကျောက်မျက်အတွဲ (၂၈၆) တွဲနှင့် ကျောက်စိမ်းအတွဲ (၃၆၉၅) တွဲ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်

နေပြည်တော် ၃  ဇန်နဝါရီ

 

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ပြသရောင်းချပွဲတွင် ကျောက်မျက်အတွဲ (၂၈၆) တွဲနှင့် ကျောက်စိမ်းအတွဲ (၃၆၉၅) တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

 

ပြပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမဝင်းအတွင်း ဆက်လက်ကျင်းပလျက်ရှိရာ သတ်မှတ်ဇုန်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်မျက်ရတနာများအား ရတနာကုန်သည်များက လွတ်လပ်စွာ လေ့လာကြည့်ရှုကြပြီး တင်ဒါပုံးများအတွင်း တင်ဒါများ ထည့်သွင်းလျက်ရှိသည်။

 

ကျောက်မျက်အတွဲ (၂၈၆) တွဲကို ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ်(၁)မှ (၁၂၅၀) အထိကို ဇန်နဝါရီ ၅ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် (၁၂၅၁) မှ (၂၅၀ဝ) အထိကို ဇန်နဝါရီ ၆ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် (၂၅၀၁) မှ (၃၆၉၅) အထိကို ဇန်နဝါရီ ၇ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

 

သတင်းစဉ်