ကျောက်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်ဝါယာရိန်း သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်ဖြူ ၆ ဇန်နဝါရီ

 

ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်းတန်းဆင်းပွဲကို ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာအုပ်စု၊ ကုန်ဘွေ ကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

 

10

 

သင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်က မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာရန်နှင့် မိမိဘဝကို မိမိရပ်တည်လာနိုင်စေရန်အတွက် သင်တန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသော အတတ်ပညာများဖြင့် မိသားစုအတွက် တပိုင်တနိုင် ဝင်ငွေရရှိသည့် လုပ်ငန်းများကို လုပ်ကိုင်သွားကြစေလိုကြောင်း စသည်ဖြင့် သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် သင်တန်းဆရာများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြသည်။

 

အဆိုပါသင်တန်းသို့ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၆ ဦးကို ဒီဇင်ဘာ ၁၆ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ၂၁ ရက်ကြာ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များက စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

 

ကံထွန်း(စစ်တွေ)