ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား၌ လက်လုပ်မိုင်းနှစ်လုံ အချိန်မီဖော်ထုတ်သိမ်းဆည်း

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

 

ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး ကော့နွဲ့တံတားအောက်၌ လက်လုပ်မိုင်း နှစ်လုံးကို အချိန်မီဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သည်။

 

ဖြစ်စဉ်မှာ ငြိမ်းချမ်းမှုကိုလိုလားသော ပြည်သူလူထုအချို့ သတင်းပို့ချက်အရ အကြမ်းဖက်လုပ်ရပ်ကို လက်ခံသော KNLA လက်အောက်ခံတပ်မှူးအချို့နှင့် NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများက မြဝတီ-ကော့ကရိတ် အဓိကဆက်သွယ်ရေးလမ်းမကြီးအား ခရီးသွားပြည်သူများနှင့် ကုန်စည်စီးဆင်းမှု ရပ်တန့်စေရန် ရည်ရွယ်ချက်ဆိုးဖြင့် ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူ ကွန်ကရစ် တံတားကြမ်းခင်းအောက်၌ ဖောက်ခွဲရန်အသင့်ဖြစ်နေသည့် ယမ်းအပြည့်ဖြည့်လျက် စနက်ကြိုးတပ်လျက် ငါးဂါလန်ပုံး နှစ်ပုံးအား ဆင့်လျက်တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ ရှင်းလင်းနိုင်ခဲ့သည်။ ဖြစ်စဉ်နေရာတဝိုက်နှင့် ပတ်ဝန်းကျင် နယ်မြေအတွင်း ပတ်သက်ဆက်စပ်သူများကို ဖော်ထုတ်ရရှိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn