ကော့ကရိတ်မြို့ လှိုင်ဝတံတားအနီး ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွား

ကော့ကရိတ် ၃ အောက်တိုဘာ             

 

 

ကော့ကရိတ်မြို့၊ လှိုင်ဝကျေးရွာ၊ လှိုင်ဝတံတား ကော့ကရိတ်ဘက်ခြမ်း ရဲစခန်းအနောက်ဖက် တစ်မိုင်ခန့်အကွာတွင် အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ က ခရီးသည် (၂၄)ဦး တင်ဆောင်လာသော မြဝတီဘက်မှ ဘားအံဘက်သို့ ယာဉ်မောင်း စိုးပေ မြဝတီမြို့နေ မောင်းနှင်လာသော BGO/ 9 M -5436 ယူတုံအပြာရောင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

2

 

အဆိုပါခရီးသည်တင်ကားသည် ကားနောက်ခန်းမှ မီးခိုးများထွက်လာ၍ ယာဉ်ပေါ်မှ ခရီးသည်များဆင်းစဉ် မီးတောက်များတက်လာပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့် ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း၊ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် ယာဉ်မောင်း စိုးပေအား အမှုဖွင့်ထားကြောင်း သိရှိရသည်။

 

 

ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)