ကျောက်ထုမြို့ တောခလွန်ကျေးရွာတွင် မိုးစပါးစံပြစိုက်ကွင်း ရိတ်သိမ်း

ကျောက်ထု ၁၇ နိုဝင်ဘာ

ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသ တောခလွန်ကျေးရွာ ကွင်းအမှတ်(၉၂)တွင် ဆင်းသုခစပါးမျိုးကို မိုးစပါးစံပြစိုက်ကွင်းအဖြစ် ၁၀ ဧက စိုက်ပျိုးထားရာ ရိတ်သိမ်းချွေလှေ့စက်ဖြင့် နိုဝင်ဘာ ၁၆ ရက်က ရိတ်သိမ်းနေပြီဖြစ်သည်။

ထိုသို့ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း ၁၅၀ တင်းခန့် ထွက်ရှိကြောင်းနှင့် အဆိုပါ ဆင်းသုခစပါးမျိုးများကို မျိုးစပါးအဖြစ် ဆက်လက်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့် ပြောပြချက်အရ သိရသည်။

မောဟေမာန် (ပြန်/ဆက်)