ကျောက်ထုမြို့ရှိ စာသင်ကျောင်းများတွင် (ချိုး) ချင်းတိုင်းရင်းသားဘာသာ သင်ကြားပို့ချ

ကျောက်ထု ၂၆  ဇူလိုင် 

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ရှိ စာသင်ကျောင်းများတွင် (ချိုး) ချင်းတိုင်းရင်းသားဘာသာ သင်ကြားပို့ချရန် ကျောက်ထုမြို့ (ချိုး) စာပေထုတ်ဝေ သင်ကြားရေးကော်မတီက ဆောင်ရွက်ထားရှိသည်။ 

 

ကျောက်ထုတွင် ကျောက်ထု အ.ထ.က၊ ကြီးရွာ အ.ထ.က၊ ရေရှင်ရွာ အ.လ.က၊ လယ်ကြီးအိုင့် အ.လ.က တို့တွင် သင်ကြားပို့ချလျက်ရှိပြီး အဆိုပါ (ချိုး) ချင်းတိုင်းရင်းသားဘာသာ သင်ကြားရေးကို ဇူလိုင် ၂၃ ရက်က ကျောက်ထု အ.ထ.က တွင် ဖွင့်ပွဲကျင်းပခဲ့ရာ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်အောင်၊ မင်းတပ်ခရိုင် (ချိုး) စာပေသင်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဦးထန်းတမ်၊ ကျောက်ထုမြို့ (ချိုး) စာပေသင်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးအွန်မနားတို့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်( ပြန်/ဆက် )