ကျောက်တလုံးကြီးမြို့၌ လျှပ်စစ်ဒယ်နီအိုးအပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီး

ကျောက်တလုံးကြီး   ၂၃   ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊ နောင်ခဲ အလယ်ရွာတွင် ယနေ့နံနက် ၉ နာရီ၄၅ မိနစ်က နန်းရွဉ် (၃၅)နှစ်၏ (၄၅x၁၈x၁၈)ပေ သွပ်မိုး၊ ဝါးထံရံကာ၊ ဝါးကြမ်းခင်း၊ ခြေတံရှည်နေအိမ်တွင် လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

0267

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်း၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ကျော်ဌေး၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ နောင်ခဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူလူထုများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးညွှန့်ကျိုးပြီး၊ နံနက် ၁၀နာရီ ၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပြီး၊ လူနှင့်တိရိစ္ဆာန်ထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။

 

မီးဘေးသင့် မိသားစုအား ကျောက်တလုံးကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းက ဆန်(၆)ပြည် တစ်အိတ် ထောက်ပံ့ပေးခဲ့ပြီး နန်းရွဉ်အား ကျောက်တလုံးနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

 

ခွန်အာကာ(ကျောက်တလုံး)