ကျောက်တံခါးမြို့နယ်သူဌေးကုန်းကျေးရွာမှလေဘေးသင့်အိမ်ထောင်စု(၂)စုအတွက်မြို့နယ်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့ မှထောက်ပံ့ပစ္စည်းများပေးအပ်

mdn

ကျောက်တံခါး  သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာတွင် သြဂုတ်(၂)ရက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးအမိုးလန်ပျက်စီးခဲ့သဖြင့် မြို့နယ်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့မှထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ဟာရီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး တွင်ပြုလုပ်ခဲ့သည်။

ထောက်ပံပစ္စည်းများပေးအပ်ရာတွင် ကျောက်တံခါးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့မှုး ဦးစန်းလွင်နှင့်အဖွဲ့များက လေဘေးသင့်အိမ်ထောင်စုနှစ်စုအတွက် တစ်အိမ်ထောင်လျှင် တာပေါ်လင်မိုးကာ အမျိုးသမီအသုံးအဆောင်ပစ္စည်းနှင့် လူသုံးကုန်အိမ်သုံးပစ္စည်း စုစုပေါင်း(၁၂)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စန်းစန်း