ကျောက်တံခါးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ လူနေအိမ် ၅၈ လုံးနှင့်  ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းအမိုးလန်ပျက်စီး

ကျောက်တံခါး ၂၇   ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ဧပြီ ၂၆ ရက် ညနေ၄နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်၍ လူနေအိမ်ပေါင်း (၅၈)လုံးနှင့် ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း အမိုးလန် ပျက်စီးခဲ့သည်။

 

3730

 

ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ရာနေရာများသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှပူးပေါင်း၍ အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်း တွက်ချက်၍ စာရင်းကောက်ယူခဲ့ရာ ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်မှ လူနေအိမ်(၁)လုံး၊ ကွင်းတောင်ရပ်ကွက်တွင် လူနေအိမ်(၁)လုံး၊ ကျေးရိုး ကျေးရွာအုပ်စုတွင်လူနေအိမ်(၁)လုံး၊ လက်ခံကျေးရွာအုပ်စုတွင် လူနေအိမ်(၆)လုံး၊ ဂုံမင်းကွင်းကျေးရွာအုပ်စုတွင် လူနေအိမ်(၁၁)လုံး၊ သမင်အင်းကုန်း ကျေးရွာအုပ်စုတွင် လူနေအိမ်(၃၇)လုံးနှင့်ခရစ်ယာန်ဘုရားကျောင်း(၁)ကျောင်း စုစုပေါင်း လူနေအိမ်ပေါင်း(၅၈)လုံးနှင့်ခ ရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းတို့မှာ အမိုးလန် ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ခင်ကို(ကျောက်တံခါး)